အချက်အလက်တွေ ဆိုတာ မူ/နည်းလမ်း
ကို စမ်းသပ်စရာအနေနဲ့ သုံးကြတာပါ။ အချက်အလက်တွေကို ကြည့်ပြီး မူ/နည်းလမ်း
ကို ဆက်ထိန်းသင့်ထိန်းမယ်။ ပြင်သင့်ပြင်မယ်ပေါ့။ ဒါက ဖြစ်သင့်တာ..။
သို့သော် ပထမဦးဆုံးမူကို ချမယ်။ ပြီးတော့မှ အချက်အလက် တွေထဲကမှ
မူနဲ့ကိုက်ရင် ယူပြီး မူနဲ့ မကိုက်ရင် ပယ်တယ်ဆိုတာမျိုးက ယုတ္တိအမှားကို
ကျူးလွန်တာပေါ့။
။ခင်ဗျား ထုတ်တဲ့ကားက ဘယ်လောက်ပဲ ပြည်တွင်းထုတ်ကားတွေပါလို့ပြောပြော.. ကျွန်တော်တို့ ကြည့်စရာမလိုဘူး.. ကျွန်တော်တို့ မူအရ အမိုးမဖေါက်ထားရင်.. ပြည်တွင်းထုတ်မဟုတ်တဲ့အတွက် လိုင်စင်မပေးနိုင်ဘူး။
အဲဒီတော့ ပြောစရာရှိလာတာက မူနဲ့ အချက်အလက်တွေကြားက အဆက်အစပ်ကရော တိတိကျကျ ဆက်နွယ်နေလို့လားလို့ မေးစရာရှိတယ်။ ပထမဆုံး အနေနဲ့တော့ မူကလိုတာပေါ့။ ဘယ်လိုအချက်အလက်မျိုးမှ မူမရှိပဲ နည်းလမ်းမရှိပဲ အရင်ဆုံးပေါ်ပေါက်လာစရာ မရှိပါဘူး။ အလွဲကဘယ်က စဖြစ်တာလဲဆိုတော့ မူ/နည်းလမ်းကို လက်ဆုပ်လက်ကိုင်ပြုလွန်းတယ် တွေ့လာတဲ့ အချက်တွေကနေ မပြင်နိုင်ဘူးဆိုတာက စတာပါပဲ။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ သက်သေသက္ကာယ မခိုင်လုံတဲ့ အယူအဆကို လက်မလွှတ်ယုံသာ မကပဲ တွေ့လာတဲ့ အကြောင်းပြချက်ကောင်းတွေ သင်ခန်းစာ ကောင်းတွေကိုပါ လက်လွှတ်မိလျက်သား ဖြစ်သွားတော့တာပေါ့။
ဆရာဝန်တွေအကုန်လုံး ဒီအထဲသူ့ဟာသူ ဝင်ပါကြတာပဲ။ ရှိသမျှခွန်အားတွေ အကုန်စိုက်လုပ်နေတည်းက ဘာမှ မရဘူးဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ဒီလိုယုတ္တိအလွဲတွေကို ဆုပ်ကိုင်ပြီး အကြောင်းပြနေကြသူတွေဟာ သူတို့ ရဲ့ လက်တွေ့နဲ့ ဝေးကွာလှတဲ့ ယုံကြည်ချက် ထင်ရာမြင်ရာတွေကို တရားသေဆုပ်ကိုင်ထားတတ်ကြလို့ပါပဲ။ ဘာဖြစ်လာမယ်ထင်ပါသလဲ။ ခင်ဗျားမှန်ပါတယ်။ ဖင်ပိတ်ငြင်းတာပေါ့ဗျာ...။
ဗမာစကားလေးတစ်ခွန်း ရှိပါရောလားဗျာ..။ ဘာတဲ့ ငါနဲ့မတူ ငါ့ရန်သူတဲ့။ ကျကျနနကို မူအဓိက အလွဲချည်းသက်သက်ပေါ့ဗျာ။ နောက်ထပ်အလွဲလေးတွေကတော့ အကြံတူရန်သူတဲ့။ ကိုယ်နှင့်နှိုင်းမရိုင်းတဲ့။ တစ်ခြားမကြည့်နဲ့ ဗုဒ္ဓဝင်မှာ သစ္စက ပုရဗိုဒ်ကြည့်ပါလား။ ဟင်.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘယ်လိုဟောဟာ.. ငါသိတာကများတုန်းပဲ လုပ်လို့ ဘီလူးဓါးကြိမ်းကြိမ်းရပါရောလား။
တစ်ခါတစ်လေကျတော့ ကိုယ်ဖယ်ထုတ်လိုက်တဲ့ အချက်အလက် အကြောင်းအရာတွေဟာ မူတွေ နည်းလမ်းတွေနဲ့ မကိုက်ညီပေမယ့် သေသေချာချာ ပြန်စီစစ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့မူတွေ နည်းလမ်းတွေကို အထောက်အပံ့ကောင်းကောင်းပေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

No comments:
Post a Comment