တလောလေးက ဂျာနယ်တစ်စောင်မှာဟိုတုန်းက အလွန် နံမည်ကြီးခဲ့ဘူးတဲ့
မင်းသမီးလေးကို ကိုယ်ရေးကိုယ်တာ အင်တာဗျူးမေးလိုက်တာ.. မင်းသမီးလေးက
ဒေါသမာန်ထလို့ ရိုက်လားနှက်လားနဲ့ ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ သတင်း
ကြားကြမယ်ထင်ပါရဲ့။ ဖေါ်ပြတဲ့ ဂျာနယ်ကလည်း မေးခွန်း တွေ အဖြေတွေကိုပါ
တစ်ခါတည်း ပြလိုက်တော့ မောင်ဂုရုက ယုတ္တိအမှားလေးတစ်ခုကို
ပြေးမြင်လိုက်မိပါရဲ့။
အဲဒီအမှားလေးကတော့ ရှုပ်ထွေးတဲ့ မေးခွန်းများစွာကို တစ်ပေါင်းတစ်စည်းထဲ မှန်/မှား မေးခွန်းဖြစ်အောင် မေးလိုက်ရာကနေ ဖြေဆိုသူအနေနဲ့ တစ်ခုစီခွဲခြမ်းပြီး မဖြေနိုင်တော့ဘဲ.. မှားယွင်းတဲ့ ကောက်ချက်တွေ ထွက်လာစေတာပါပဲ။ ဥပမာလေးကတော့..
ဒီလိုမေးခွန်းတွေမှာ ဖုံးကွယ်ထားတဲ့ မေးခွန်းက ဟုတ်ကဲ့လို့ ဖြေပြီးသားဖြစ်နေပါတယ်။ အဲဒီလို ဖြေပြီးသား ဖုံးကွယ်မေးခွန်းပါနေတဲ့အတွက် ဒီလိုအမေးမျိုးကို တစ်ဖက်သားအပေါ် အုပ်မိစီးမိ အခြေအနေမျိုးမှာ မေးလေ့ရှိပါတယ်။ မောင်ဂုရုတို့အဆောင်ကျောင်းသားဘဝမှာ တစ်ဖက်သားချောက်ကျအောင် မေးလေ့ရှိတဲ့မေးခွန်းလေးတွေပေါ့။
နောက်တစ်ခုကတော့ အကြောင်းအရာ တစ်ခုထဲကို မေးခွန်းများစွာနဲ့ စဉ်ဆက်မပြတ်မေးမြန်းခြင်းဟာလည်း ဒီလို အမှားကို ကျူးလွန်ခြင်းဖြစ်ပါတယ်။
ကဲ... ဂျာနယ်များပါ.. ထင်ရှားတဲ့ မေးခွန်းလေးကို သရုပ်ခွဲကြည့်ကြပါစို့။
မောင်ဂုရုဆွေးနွေးချင်တာကတော့... ဒီလို ယုတ္တိအမှားတွေကို ကိုင်စွဲပြီး.. ကျွန်တော်တို့ကို စကားလုံးများနဲ့ ချည်နှောင် တတ်ကြသူတွေ အများကြီးရှိတယ်ဆိုတာပါပဲ။
မောင်ဂုရုကတော့ ရှင်းရှင်းပဲ။ လက်ပါတဲ့သူအမှား....။ နားရွက်တံတွေးဆွတ်ရင် တေ..တေး။ ဝိုင်းဟောင်ရင် ခွေး..။

မင်းမိန်းမကို ရိုက်တုန်းပဲလား
(ဟုတ် လို့ ဖြေရင် မိန်းမကို ရိုက်တုန်းပဲ။ မဟုတ်လို့ ဖြေရင် ခုမရိုက် အရင် ကရိုက်တယ် လို့ ထင်စရာပေါ့။)
မင်းဒီလောက်တုန်းတာ မွေးရာပါများလားကွာ။
(ဟုတ် လို့ ဖြေရင် အော်လဂျင်နယ် ငတုံးဖြစ်မယ်။ မဟုတ်လို့ ဖြေရင် ငယ်ငယ်ကမတုန်း ကြီးမှတုံးတာ လို့ ထင်စရာပေါ့။)
ဒီလိုမေးခွန်းတွေမှာ ဖုံးကွယ်ထားတဲ့ မေးခွန်းက ဟုတ်ကဲ့လို့ ဖြေပြီးသားဖြစ်နေပါတယ်။ အဲဒီလို ဖြေပြီးသား ဖုံးကွယ်မေးခွန်းပါနေတဲ့အတွက် ဒီလိုအမေးမျိုးကို တစ်ဖက်သားအပေါ် အုပ်မိစီးမိ အခြေအနေမျိုးမှာ မေးလေ့ရှိပါတယ်။ မောင်ဂုရုတို့အဆောင်ကျောင်းသားဘဝမှာ တစ်ဖက်သားချောက်ကျအောင် မေးလေ့ရှိတဲ့မေးခွန်းလေးတွေပေါ့။
မင်းဟိုနေ့က ဘီယာဆိုင်မှာ ပန်းကုံးစွပ်တဲ့ကောင်မလေးနဲ့ အပြင်မှာ တွေ့သေးလား
(တွေ့တွေ့မတွေ့တွေ့.. ပန်းကုံးစွပ်မှန်း သူ့ကောင်မလေး သိသွားလေရဲ့။ နောင်ဂျိန်ပေါ့။)
မင်း အေအိုင်ဒီအက်စ်ဆေးသောက်နေတာ ရောဂါသက်သာရဲ့လား။
(အင်းလို့ ဖြေမိရင်.. ငါးပါးမှောက်ရော... ဟင့်အင်းလို့ဖြေတော့လည်း.. အဓိပ္ပါယ်တစ်မျိုးမက ဖြစ်နေတော့.. ခက်သားလား။)
နောက်တစ်ခုကတော့ အကြောင်းအရာ တစ်ခုထဲကို မေးခွန်းများစွာနဲ့ စဉ်ဆက်မပြတ်မေးမြန်းခြင်းဟာလည်း ဒီလို အမှားကို ကျူးလွန်ခြင်းဖြစ်ပါတယ်။
ကဲ... ဂျာနယ်များပါ.. ထင်ရှားတဲ့ မေးခွန်းလေးကို သရုပ်ခွဲကြည့်ကြပါစို့။
ပရိသတ်ကပြောကြတယ်။ ထက်ထက်မိုးဦးတစ်ယောက် ဘဝကို ခဏခဏပြန်စနေရတယ်။ အဲဒီအပေါ် ထက်ထက်ဘယ်လို ခံစားရပါသလဲ။
(မောင်ဂုရု ဆုံးဖြတ်ရမယ့် အရာမဟုတ်ပါ။ တရားရုံးတောင် ရောက်နေမင့်ဟာပဲ... ဟာကို....နော)
မောင်ဂုရုဆွေးနွေးချင်တာကတော့... ဒီလို ယုတ္တိအမှားတွေကို ကိုင်စွဲပြီး.. ကျွန်တော်တို့ကို စကားလုံးများနဲ့ ချည်နှောင် တတ်ကြသူတွေ အများကြီးရှိတယ်ဆိုတာပါပဲ။
သားရေ.. ခုပဲအိပ်တော့မလား.. ဂိမ်းဆော့ပြီး... ၁၁ နာရီလောက်မှအိပ်မလား....................
မောင်အဝှာရေ... အုတ်ခဲတွေကို စီထားရင်လည်း ထား.. ဒါမှမဟုတ် အိမ်ထဲသွင်းရင်လည်း သွင်းလိုက်နော်.................................
တရားလိုဟာ.. ဦးစွာ အိမ်ထောင်ရေးကိုမေးပါတယ်။ နောက်ထပ်ပြီး ဘာကြောင့်အိမ်ထောင်ကွဲရတယ်ဆိုတာကိုမေးပါတယ်။ နောက်ထပ်ပြီး ခုအိမ်ထောင်ရဲ့ ရှေ့ရေးကိုမေးပါတယ်။ နောက်ထပ်ပြီး ပရိသတ်ကို ကိုယ်စားပြုသယောင် ယခင်မေးခွန်းများကို ပြန်လည်နှိုးဆွပြီး ယခုအိမ်ထောင်ရော ပျက်မှာလားလို့ နိမိတ်ပြမေးခွန်းကိုမေးခဲ့ပါတယ်.. တရားသူကြီးမင်းခင်ဗျား။..
မောင်ဂုရုကတော့ ရှင်းရှင်းပဲ။ လက်ပါတဲ့သူအမှား....။ နားရွက်တံတွေးဆွတ်ရင် တေ..တေး။ ဝိုင်းဟောင်ရင် ခွေး..။
No comments:
Post a Comment