ဖြစ်တောင့် ဖြစ်ခဲ ကောင်းတာလေးတွေ ကိုယ့်မှာ ဖြစ်လာပြီဆိုရင်..
ကံကောင်းလိုက်တဲ့ ငါပါလား လို့ ကိုယ့်ကိုယ်ကို ထင်တတ်ကြသဗျ.. မောင်ဂုရု
ကိုယ်တိုင်လဲ တစ်သက်နဲ့ တစ်ကိုယ် ထီ လေး တစ်သောင်း ဆု ပေါက်ခဲ့တုန်းက
အမယ်.. ငါ ကံဇာတာ တွေ တက်နေပါလားပေါ့.. တစ်ရက်များတော့... လူတစ်ယောက် နဲ့
တွေ့တော့.. ကျွန်တော်က ခဏခဏ ထီ ပေါက်တာ .. ထီ နဲ့ အကျိုး ပေးတယ်.. သိန်းဆု ၃
ခါ... သောင်းဆု ၁၀ ခါလောက် ရှိပြီလို့ ဆိုလိုက်တော့.. အသာလေး ကိုယ့်ပါးစပ်
ကိုယ်ပိတ် နေလိုက်ရတယ်... စိတ်ထဲမှာက တစ်ခုခုတော့ မှားနေတယ်လို့
ထင်တယ်ဗျ... တစ်ဆက်တည်း လျှောက် စဉ်းစားကြည့်လိုက်တယ်...ကမ္ဘာလောကကြီးဟာ..
လူတွေ အတွက် အဆင်သင့် ဖန်တီးထားသလိုပဲ... ခန္ဓာကိုယ်မှာ ရေတွေ အများဆုံး
ရှိတော့ လောက ကြီးမှာလဲ.. ရေတွေ အများကြီးပဲဗျ... အင်းဆက်လို သတ္တဝါကြတော့..
ရေဓါတ် ဖွဲ့စည်းမှု နည်းနေတာပဲ.. တစ်ခါ.. လူတွေ အတွက်
စားစရာတွေချည်းပဲဗျ... စားမရတဲ့ ဟာတွေ က ခုတ်ဖြတ် ပြီး အသုံးအဆောင်
ဖြစ်နေတာချည်းပဲ.. လူတွေ အသက်ရှုဖို့ လေထု ကြီး ရှိနေတယ်ဗျ... ရပ်တည်စရာ
မြေကြီး လဲ ရှိသဗျ... လိုတာတွေ လုပ်နိုင်တဲ့ သယံဇာတ ဆိုတာတွေကလည်း
ရှိသေးသဗျ... သြော်.. ကမ္ဘာလောက ကြီးက လူတွေ အတွက် အရာရာ ရှိနေပါလား...
ဆိုပြီးတော့... တွေးမိတယ်... ( အမှန် မထင်လိုက်ပါနဲ့ ဦးနော်... အမှားဆိုတာ
ပြောမလို့ ချီနေတာပါ..)
အဲဒီ အထဲက လူတွေ မြောက်များစွာကနေ ကိုယ် ကတော့ သူများထက် ထူးထူးခြားခြား ထမင်းလေး နပ်မှန်အောင် စားရ... အိမ်လေး နဲ့ နေရ... ညအိပ်စရာ နေရာလေးရှိ.. အလုပ်အကိုင်လေးကလဲရှိ.. သားသမီးလေးတွေလဲ မငတ်ပဲ... နေရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ.. သန်း၁၀၀ လောက် ငတ်နေတဲ့ အထဲ.. ကိုယ့်ကလေးတွေမပါဘူး... အိမ်ခြေရာခြေမဲ့ လူ သန်း ၁၀၀ လောက်မှာ ကိုယ် မပါ..ကိုယ့်မိသားစု မပါဘူး.. ဘယ်လောက် ကံကောင်းလိုက်သလဲ.. သူရို့တွေ သနားစရာပါလား... နဲ့ ကံကောင်းတာတွေ တွေးတွေးပြီးကြည်နူးတဲ့အခါ ကြည်နူးလိုက်......တစ်ခါတစ်လေကြတော့.. တောက် ... ဒီလောက်လူတွေ အများကြီးကြားထဲမှာ... ငါ့အပေါ်မှ ဒီ ငှက်က ချီးပါချရသလား... ဒီလောက် လူတွေ ဖြတ်နေတဲ့ တံတား ငါ ဖြတ်တော့မှ အပေါက်ကျွံရသလား... အမယ်လေး ကံဆိုးလိုက်လေခြင်း... လူ၁၀ ယောက်ထဲက တစ်ယောက် ပဲ အဲဒီနေရာ သွားဖို့ မဲနှိုက်ရတာ ငါ့ကျမှ ပေါက်ရသလား.. ကံဆိုးလိုက်လေခြင်း.. ဆိုပြီးယူကျုံးမရ အပူလုံးကြွ နေတဲ့ အခါများ.. ဒူးနဲ့ မျက်ရည်လေး သုတ်လိုက်နဲ့... ရူးနေမိတာပေါ့ဗျာ... ပုထုဇဉ် ဂုရုကိုး...
ဒါပေမယ့်... စာရင်းအင်းပညာမှာ ယုတ္တိအမှားအင်မတန် များသဗျ... အဲဒီ ယုတ္တိအမှားထဲမှာ.. အမှားတကာ့ အမှားဆုံးကတော့.. ဖြစ်တန်စွမ်းနဲ့ ဆိုင်တဲ့ ကောက်ချက် တွေ ချပြီဆိုရင်... မှားဖို့များတော့တာပဲဗျို့... ...အပေါ်က ပြောခဲ့တဲ့ ကံကောင်းခြင်း ကံဆိုးခြင်းဆိုတဲ့ ကိစ္စတွေက ဖြစ်တန်စွမ်းတွေကို ပြောနေတာလေ... ဖြစ်တန်စွမ်းနည်း တဲ့အပေါ်မှာ ကောက်ချက် ကို လိုရာဆွဲလိုက်တာနဲ့... မှားပြီဗျို့...
ပထမဦးဆုံး စနှိုက်တာနဲ့ ပထမဆု မဲ ကို နှိုက်မိတာပဲဗျာ.. စဉ်းစားကြည့်.. မဲလိပ်ပေါင်း၃၀၀ ထဲက ပထမဆုကို နှိုက်မိတာဗျ.. (တကယ်က တစ်ခြား မဲလိပ်တွေနဲ့ ဖြစ်တန်စွမ်းကတော့ အတူတူပဲဗျ... ၁/၃၀၀ ချည်းပဲ... ဒုတိယဆုမဲအတွက်လည်း ၁/၃၀၀ ပဲ... )
ကြံကြံဖန်ဖန်ဟယ်... ညည်းနဲ့ ငါနဲ့ ဒီလောက် လူအများကြီးထဲမှာ လာတည့်တည့်တိုးတယ်.. ရေစက်များ ဆန်းကြယ် ပုံနှယ်... ကိုယ်စောင့်နတ်တွေများ လမ်းညွှန်သလား မသိဘူးဟယ်... ( တကယ်တော့ တစ်ခြားသူနဲ့ ဆုံဖို့ ဖြစ်တန်စွမ်းကလဲ အတူတူပါပဲ... သူ့ကြမှ ဘာလို့ထူးဆန်းလဲဆိုတော့.. သိနေတဲ့ သူ ဖြစ်နေတာကိုး...)ဒီလို မျိုး ဖြစ်တန်စွမ်းနည်းတဲ့ ကိစ္စ မျိုးတွေ ဖြစ်လာတဲ့ အခါမှာ.. သဘာဝလွန် ဖြစ်ရပ်များ.. အဆန်းတကြယ် များ.. တန်ခိုးရှင်များ.. မမြင်ရသော စွမ်းအားများ ကြောင့်ဆိုတဲ့ ကောက်ချက် ချမိတဲ့အခါမှာ.. ယုတ္တိအမှားကို ကျူးလွန်တော့တာပါပဲ.....
--- ရဲ့ တန်ခိုးတော်ကြောင့်.. ကမ္ဘာကြီးမှာ.. လေထုရော.. ရေထုရော.. စားစရာ အသီးအနှံ အကောင်ပလောင်တွေရော အားလုံးက လိုက်လျောညီထွေ ဖန်ဆင်းထားလိုက်တာ... လူတွေအတွက် ချည်းပဲ.. ( ဟုတ်ကဲ့.. တစ်ခြားဂြိုဟ် တစ်ခုက မျက်စိဆယ်လုံးနဲ့.. အမြီး ၃ ချောင်း ပါတဲ့ သတ္တဝါကလဲ... လေထဲမှာ ဆိုင်ရာနိုက်တွေ များနေတာအတွက် ကျေးဇူးတင်ချင် တင်နေမှာပေါ့...)..
တကယ်တော့... ခေါင်းချည်း ဆက်တိုက်လေးခါကျအောင် ခေါင်းပန်းလှန်တာရဲ့ ဖြစ်တန်စွမ်းနဲ့... ခေါင်းခေါင်းခေါင်းပန်း ဆိုတာ ကျဖို့ ဖြစ်တန်စွမ်းက အတူတူပါပဲ... ၁/၁၆ ပါပဲ... တစ်ခြား အတွဲတွေနဲ့ အတူတူပါပဲ.. အဲသလိုပါပဲ.. ဒါပေမယ့်.. ခေါင်းချည်းလေးခါကျရင် တော့ ဆုတွေ ရမယ်လေ... ဆုရခြင်းနဲ့.. ခေါင်းလေးခါကျခြင်းကြားမှာသာ ဆက်စပ်ထားတာပါ... မမြင်နိုင်တဲ့ စွမ်းအား တွေ လွှမ်းမိုးထားတယ် ဆိုတဲ့ မဆီမဆိုင် မလိုအပ်တဲ့ ကောက်ချက် တွေ ဆွဲလဲဆွဲလိုက်ရော.. ကောင်းကင်ကို ကန်တော့လိုကန်တော့.. ခေါင်းကိုထုလိုထုနဲ့.. မဆိုင်တာတွေ အကုန်လုပ်တော့သပေါ့... ...ဒါမျိုး အမှားဟာ နေ့စဉ် မြင်နေတွေ့နေရတဲ့.. အမှားပေါ့ဗျာ.. အမြင်ကပ်လောက် အောင် ကြွားချင်ရင်လဲ ကျူးလွန်လိုက်တာပဲ.. လူတွေ သနားလာအောင် လို့လဲ.. မြှူဆွယ် လိုက်တာပဲဗျ.....
သားက ဒီ ဆုကို ရဖို့ကို ကံပါလာသလားထင်ရတယ်... လုံးဝ သရုပ်ဆောင်လုပ်ချင်တာမဟုတ်ဘူး.. ဒီကားမှာ ဘယ်လိုမှ မင်းသား ရှာမရတော့... သားကိုပဲ သရုပ်ဆောင် လုပ်ခိုင်းရတာ.. တကယ်ကို ပါရမီထူးတော့.. တစ်ကားတည်းနဲ့.. ဆုရတာပဲ...(အင်း.. အင်း... ဖြစ်တန်စွမ်း... ဖြစ်တန်စွမ်း...)...
ဒီကလေးလေးပုံကို ကြည့်ပါဗျာ.. ဒါမျိုးရောဂါဟာ.. အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ... ပြင်းထန်လိုက်တာများ... မိဘများကလည်း ဆင်းရဲလိုက်တာ ချုံးချုံးကျ.. မျက်နှာမွဲ.. ဒီကလေးမျိုးမှ ဒီရောဂါ ဖြစ်ရတယ်... (အင်း.. အင်း.. ဖြစ်တန်စွမ်း... ဖြစ်တန်စွမ်း...)...
ဘုရားဟော ရှိသဗျ... ဒုလ္လဘ တရား ငါးပါးတဲ့.. ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်ခဲသော တရား ငါးပါးပေါ့ဗျာ... ဆိုလိုတာက ဖြစ်တန်စွမ်း အလွန်နည်းပါးသော တရား ငါးပါးပေါ့.. ဘုရားရှင် ကိုယ်တော်မြတ်ကြီးက.. အဲဒီ တရားငါးပါးက တိုက်ဆိုင်ခဲတယ် ဖြစ်တန်စွမ်းနည်းတယ် ဒါကြောင့် တိုက်ဆိုင်တုန်းမှာ.. မလွဲအောင် အားထုတ်ကြပါလို့ တိုက်တွန်းတော်မူသဗျ... အဲဒီလို တိုက်ဆိုင်အောင်.. ဘယ်လို အစွမ်းတွေ က ဖြည့်ဆည်းတယ်လို့ ဟောတော် မမူဘူး...
တကယ်လို့များ ဒီ ပို့စ်ကို ဖတ်မိရင်.. ကျွန်တော့်ဆရာ.. ဝနေ ကတော့.. တဏှာ. မာန.. ဒိဌိ တွေပေါ့ဗျာလို့ ပြောမှာ သေချာသဗျ.. ဒါပေမယ့်.. သူပဲ... အေနဲ့ ဘီကြားမှာ ဆက်သွယ်မှု ရှိခြင်း မရှိခြင်းနဲ့ ပတ်သက်လို့ မှားနိုင်ခြေ က ၀.၀၀၁ ထက် နည်းတဲ့ အတွက်... ဆက်သွယ်မှု အကြောင်းပြောလို့ ရပါတယ် လို့ ပြောပြောနေရင်းကနေ... မနက်လင်းတိုင်း.. အဆိုးတွေ ပျောက်အောင်.. ပရိတ်ကြီး ရွတ်ရတာလဲ အမောဗျ.... (ပရိတ်ကြီး ရွတ်တာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါ.. ပရိတ်ရွတ်လို့ ရလာမယ့် အကျိုးတရားက ရှေ့ကိစ္စ.. ဖြစ်လာတဲ့ ကောင်းခြင်း မကောင်းခြင်းက နောက်ကိစ္စ ဆိုတာကို ပြောတာပါဗျာ..)ဟီးဟီး... အင်တာနေရှင်နယ်.. ပေါက်တတ်ကရ အမှားလေးတွေ ညွှန်ပါရစေ...
http://www.squidoo.com/goodlucksigns

No comments:
Post a Comment